မင်္ဂလာပါ

Call us: +959-259609399

E-mail: [email protected]

Home

Written by Administrator

တိုက်စစ်မှူးနေမာ ပီအက်စ်ဂျီသို့ ယနေ့ (သို့မဟုတ်) မနက်ဖြန်ရောက်မည်ဟု နည်းပြအတည်ပြုပီအက်စ်ဂျီနည်းပြအမ်မရီ က ဘရာဇီးကြယ်ပွင့် နေမာဘော လုံး ပြန်လည်ကစားနိုင်မည့်အချိန် ကို မသိသေးဟု ပြောသော်လည်း ၎င်းသည် ပီအက်စ်ဂျီအသင်းသို့ ယနေ့ (သို့မဟုတ်) စနေနေ့တွင် ပြန်လာမည်ဖြစ်ကြောင်း သတင်း ထောက်များအား အတည်ပြုပြော ကြားသည်။

ဖေဖော်ဝါရီလကုန်က မာ ဆေးကို သုံးဂိုးပြတ်နိုင်သောပွဲတွင် ခြေထောက် ဒဏ်ရာရရှိခဲ့သည့် နေမာသည် ထိုအချိန်ကတည်းက ဘောလုံးမကစားနိုင်ဘဲ အနားယူ နေရသည်။

 

ဘရာဇီးလက်ရွေးစင်အ သင်းတွင် ကမ္ဘာ့ဖလား၌ ပါဝင် ကစားနိုင်ရေး အချိန်မီကြံ့ခိုင်မှု ပြည့်ဝရန် ကြိုးပမ်းနေသည့်နေမာ က မေလ ၁၇ ရက်ခန့်တွင် လေ့ ကျင့်ခန်း ပြန်ဆင်းနိုင်မည်ဟု မျှော် လင့်ကြောင်း ပြီးခဲ့သည်လက သ တင်းထောက်များအား ပြော ကြားခဲ့သည်။သို့သော်နေမာသည် ယခင်မျှော်လင့်ထားသော ရက်ထက်စော၍ မိမိတို့ထံ ပြန်လာမည်ဟု အမ်မရီက ပြောသည်။

နေမာသည် ဘာကာမှ ယူရို ၂၂၂ သန်းဖြင့် ပြောင်းလာပြီး နောက် ပီအက်စ်ဂျီအတွက် ပွဲ ၃၀ တွင် ၂၈ ဂိုး သွင်းယူထားသည်။

Ref:Aportskeeda